SMART Goal or Objective
SMART ဆိုတာက Specific , Measurable , Achievable , Relevant / Realistic , Time-Bound စတဲ့စာလုံးတွေရဲ့ အရှေ့စာလုံးတွေယူပြီး အတိုကောက်မှတ်ရလွယ်အောင် နာမည်ပေးထားတာဖြစ်ပါတယ်။ Specific – ရည်မှန်းချက်ဆိုတာ တိကျရမယ်။ ဥပမာ – ငါက ဆရာဝန်ကြီးတစ်ယောက် ဖြစ်ရမယ်ဆိုတာမျိုးမှာမှ နှလုံးအထူးပြု အရိုးအကြောအထူးပြုဆရာဝန် ဖြစ်ချင်တာပါဆိုရင် ပိုပြီးတိကျတယ်။ မြင်သာ၊ သဘောပေါက်လွယ်စေပါတယ်။ Measurable – ချမှတ်ထားတဲ့ရည်မှန်းချက်အောင်မြင်လား မအောင်မြင်လား သေချာသိနိုင်ရမယ်၊ တိုင်းတာလို့ရရမယ်။ ဥပမာ – ဆရာဝန်ဖြစ်ဖို့ဆိုတာမှာ ဆေးရုံကြီးတွေမှာလုပ်နိုင်တာလား၊ ကိုယ်ပိုင်ဆေးခန်းဖွင့်နိုင်တာလား၊ အခြားဆေးဘက်ဆိုင်ရာ ဗဟုသုတတွေရစေဖို့ စာရေးကာဝေမျှပေးနိုင်တဲ့ နာမည်ကျော်ဆရာဝန်လား ဆိုတာမျိုးတွေပါ။ Achievable – ကိုယ်လက်လှမ်းမီတဲ့၊ ပိုင်ဆိုင်နိုင်တဲ့၊ ရရှိ၊ ရယူနိုင်တဲ့၊ ကိုယ်လုပ်နိုင်တဲ့ ဘောင်အတွင်းဝင်ဖို့ လိုတယ်။ ဥပမာ – အခုမှ M.B.B.S ရပြီး နှလုံးအစားထိုးကုသဖို့အတွက် ခွဲခန်းထဲဝင်ပြီးခွဲတယ်ဆို ကိုယ်အနေနဲ့လက်လှမ်းမမှီနိုင်သေးတဲ့ အခြေအနေမျိုးမှာရှိနေတာ ဆိုတာမျိုးမဟုတ်တာကို ဆိုလိုတာပါ။ Relevant / Realistic – ရည်မှန်းချက်က ဆီလျော်မှုရှိရ...