Content Marketing ဆိုတာဘာလဲ

Content Marketing ဆိုတာ အရောင်းတစ်ခုဖြစ်လာဖို့အတွက် မြင်လိုက်ရတဲ့သူအနေနဲ့ စိတ်ဝင်စားရာကနေ ဝယ်ချင်သွားအောင် လိုအပ်ချက်တစ်ခုခုကို မှတ်မိသွားအောင်ရည်ရွယ်ပြီး ဖန်တီးထားတဲ့ စာဖြစ်ဖြစ် ပုံဖြစ်ဖြစ် အသံဖြစ်ဖြစ် အရုပ်ဖြစ်ဖြစ် အရုပ်အသံဖြစ်ဖြစ် တစ်ခုခုကို ဖန်တီးခြင်းဖြစ်ပါတယ်။

အဓိကအားဖြင့် မိမိရဲ့ Product သို့ Service ကို ဝယ်မယ့်အလားအလာရှိတဲ့သူတွေ၊ ချက်ချင်းမဝယ်သေးပေမယ့် ဝယ်ဖို့များတဲ့သူတွေ၊ ဝယ်ပြီးတဲ့သူတွေထက် ကိုယ်တိုင်ကမဝယ်ပဲ ဝယ်မယ့်သူတွေဆီကို ရောင်းချမယ့် Product သို့ Service ကို မြင်အောင်၊ သိအောင် ပြပေး ညွှန်းပေးနိုင်တဲ့သူတွေကို Target Audience အဖြစ် ရည်ရွယ်ကာ Content Marketing ကို ဖန်တီးတည်ဆောက်လေ့ရှိပါတယ်။


ရည်ရွယ်တဲ့ Audience ဟာဆိုရင် “Product သို့ Service တစ်ခုခုကို သူများတွေကိုပြောပြတာမျိုး ပြီးရင် FB လိုမျိုး Social Media Channel တွေမှာ ဝယ်မယ့်သူတွေကိုသိအောင် အဲ့ Content ကိုပြပေးနိုင်မယ့်သူမျိုး” တွေကို အဓိကအနေနဲ့ Targetထားကာ Content တစ်ခုကို ဖန်တီးယူခြင်း ဖြစ်ပါတယ်။


Purpose of Content

1. ဖတ်တဲ့သူ ပါလာစေရမယ်။

2. စိတ်ဝင်စားသွားရမယ်။

3. ရင်ဘတ်ထဲ တခုခုရောက်သွားရမယ်။

Content တစ်ခုရဲ့ အဓိက ရည်ရွယ်ချက်က အပေါ်က  ခုပဲဖြစ်ပါတယ်။ (To be continued)


Source – https://www.coursera.org/learn/content-marketing မှ Personal Course Note များ


Comments