SMART Goal or Objective


SMART ဆိုတာက Specific , Measurable , Achievable , Relevant / Realistic , Time-Bound စတဲ့စာလုံးတွေရဲ့ အရှေ့စာလုံးတွေယူပြီး အတိုကောက်မှတ်ရလွယ်အောင် နာမည်ပေးထားတာဖြစ်ပါတယ်။

Specific – ရည်မှန်းချက်ဆိုတာ တိကျရမယ်။

ဥပမာ – ငါက ဆရာဝန်ကြီးတစ်ယောက် ဖြစ်ရမယ်ဆိုတာမျိုးမှာမှ နှလုံးအထူးပြု အရိုးအကြောအထူးပြုဆရာဝန် ဖြစ်ချင်တာပါဆိုရင် ပိုပြီးတိကျတယ်။ မြင်သာ၊ သဘောပေါက်လွယ်စေပါတယ်။

​Measurable – ချမှတ်ထားတဲ့ရည်မှန်းချက်အောင်မြင်လား မအောင်မြင်လား သေချာသိနိုင်ရမယ်၊ တိုင်းတာလို့ရရမယ်။

ဥပမာ – ဆရာဝန်ဖြစ်ဖို့ဆိုတာမှာ ဆေးရုံကြီးတွေမှာလုပ်နိုင်တာလား၊ ကိုယ်ပိုင်ဆေးခန်းဖွင့်နိုင်တာလား၊ အခြားဆေးဘက်ဆိုင်ရာ ဗဟုသုတတွေရစေဖို့ စာရေးကာဝေမျှပေးနိုင်တဲ့ နာမည်ကျော်ဆရာဝန်လား ဆိုတာမျိုးတွေပါ။

Achievable – ကိုယ်လက်လှမ်းမီတဲ့၊ ပိုင်ဆိုင်နိုင်တဲ့၊ ရရှိ၊ ရယူနိုင်တဲ့၊ ကိုယ်လုပ်နိုင်တဲ့ ဘောင်အတွင်းဝင်ဖို့ လိုတယ်။

ဥပမာ – အခုမှ M.B.B.S ရပြီး နှလုံးအစားထိုးကုသဖို့အတွက် ခွဲခန်းထဲဝင်ပြီးခွဲတယ်ဆို ကိုယ်အနေနဲ့လက်လှမ်းမမှီနိုင်သေးတဲ့ အခြေအနေမျိုးမှာရှိနေတာ ဆိုတာမျိုးမဟုတ်တာကို ဆိုလိုတာပါ။

Relevant / Realistic – ရည်မှန်းချက်က ဆီလျော်မှုရှိရမယ်၊ လက်တွေ့ဆန်ရမယ်။ ကိုယ်နဲ့ဆက်စပ်လို့ ရနိုင်ရမယ်။ လုံးဝသက်ဆိုင်မှုမရှိပဲ ယုတ္တိမရှိတဲ့ အရာမျိုးကိုသွားပြီး ရည်မှန်းချက်မထားသင့်ဘူး။

ဥပမာ – ဆေးကျောင်းတက်နေသူတစ်ယောက်က ကြီးကျယ်ခမ်းနားတဲ့ အိမ်တစ်ခုကိုဆောင်နိုင်ရမယ်ဆိုတာမျိုး မဟုတ်ပဲ အထူးကုဆရာဝန်ကြီးတစ်ယောက်ဖြစ်ချင်တယ် ဆိုတာမျိုးပါ။

Time-Based – အဓိကအကျဆုံး၊ အရေးအကြီးဆုံးဖြစ်တဲ့ အချိန်ပါ။ အချိန်ကာလကန့်သတ်ချက် ရှိရမယ်။ ခြောက်လအတွင်း၊ တစ်နှစ်အတွင်း စသည်ဖြင့်ပေါ့။

ဥပမာ – ဆေးကျောင်းတက်နေတဲ့သူအနေနဲ့ ဘယ်လောက်နှစ်အတွင်းမှာ ဘွဲ့ရရမယ်၊ ဆရာဝန်ဖြစ်ရမယ် ဆိုတာမျိုးပါ။

အဲဒါတွေက S.M.A.R.T ဖြစ်တဲ့ ပန်းတိုင် (Goal) တစ်ခုဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုအချက်တွေနဲ့ ပြည့်စုံရမလဲဆိုတာကို အကြမ်းဖျင်း တိုတိုတုတ်တုတ် ကျစ်ကျစ်လစ်လစ်နဲ့ ရှင်းပြထားတာဖြစ်ပါတယ်။

Comments